Main menu

ကရင်ပြည်နယ်ဦးစီးမှူးသည် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

   (၂၀-၉-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရွှေဂွန်းကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ဈေးကွက်ရရှိစေရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ အခြေခံတိရစ္ဆာန်အစားအစာဝယ်ယူရရှိနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သောတိရစ္ဆာန်အစာများကို အလွယ်တကူဝယ်ယူရရှိနိုင်ရေး ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ၍ ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်အခြေခံတိရစ္ဆာန်အစာတို့ကို ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ချိတ်ဆက်ဝယ်ယူနိုင်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းကလည်း မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သောအခြေခံတိရစ္ဆာန်အစားအစာဆန်နှင့် ဆန်ထွက်ပစ္စည်းတို့ကို ဈေးနှုန်းသင့်တင့်စွာဝယ်ယူရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများတိုးချဲ့လုပ်ဆောင်နိုင်ရန်အတွက် ကရင်ပြည်နယ်မွေးမြူရေးလုပ်ငန်းရှင်များအသင်းအဖွဲ့ဖွဲ့စည်း၍ ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ပါသည်။

   ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက မွေးမြူရေးလုပ်ငန်းများဖြစ်ထွန်းအောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေနိုင်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး မွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းအခြေအနေများနှင့် လုပ်ငန်းလည်ပတ်ပုံ၊ တွက်ခြေကိုက်မှု၊ အရှုံး/အမြတ်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသောအားနည်းချက်/ အားသာချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ပြည်နယ်ဦးစီးမှူးကလည်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်၍ ကုန်ထုတ်လုပ်ငန်းများတိုးတက်မြင့်မားလာစေရေးအတွက် ဌာန၏ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများနှင့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်လျက်ရှိသော နည်းပညာ၊ ငွေကြေးအရင်းအနှီးလိုအပ်ချက်များအပေါ်  နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍမှ  ကူညီဆောင်ရွက်ပေးနေသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်းသိရပါသည်။

DOCA(ကရင်)