Main menu

စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်း‌ဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်း‌ဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နှင့် (၆)ရက်နေ့တို့တွင် ဖွင့်လှစ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၂)ဦးတက်ရောက်ခဲ့ကြပါသည်။

  စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံသမိုင်းအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပြီး အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ စစ်ကိုင်းခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူ (ဦးစီးအရာရှိ)က တိုင်ကြားနိုင်မှုနည်းလမ်းတို့ကို အသိပညာပေးဟောပြောရာတွင် ပါဝင်ရမည့်အချက်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဒေါ်ကေသီအောင်(ဦးစီးမှူး)က စားသုံးသူအငြင်းပွားမှုဖြေရှင်းရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၉)ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအပိုင်းကိုလည်းကောင်း၊ စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲတာဝန်ခံ ဒေါ်ခင်စောဝင်း(ဒု-ဦးစီးမှူး)က အသင်းအစု/အဖွဲ့များအကြောင်းကိုလည်းကောင်း၊ စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ခင်လေးနွယ်(ဒု-ဦးစီးမှူး)က ဈေးကွက်စောင့်ကြည့်ရာတွင် လိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ရမည့်အကြောင်းများကိုလည်းကောင်း ပို့ချခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)