Main menu

တောင်ငူခရိုင် ဖြူးမြို့တွင် အခြေခံစားကုန်အချို့ဈေးနှုန်းအနည်းငယ်ကျ

Powered by Drupal

      တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဩဂုတ်လက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၄၀၀၀ ကျပ် ရှိရာမှ ယခုစက်တင်ဘာလ စတုတ္ထပတ်တွင် တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် တက်ပြီး ဧည့်မထ(မိုး)ဆန် တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်၊ ဧည့်မထ(နွေ)ဆန် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မြေပဲဆီမှာ ယခင်လက တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ် ရှိရာမှ ယခုစက်တင်ဘာလ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်အထိဈေးနှုန်းအနည်းငယ်တက်ပြီး စားအုန်းဆီ မှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

       ကြက်သွန်နီမှာ  ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၃၆၀၀ ကျပ်၊ အလတ် ၃၈၀၀ ကျပ်၊ အကြီး ၄၀၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၂၀၀ ကျပ်၊ အလတ် ၃၃၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၉၀၀၀ ကျပ်၊ အလတ် ၉၅၀၀ ကျပ်၊ အကြီး ၁၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၇၀၀၀ ကျပ်၊ အလတ် ၈၀၀၀ ကျပ်၊ အကြီး ၉၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပါသည်။

     ငရုတ်ခြောက် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၄၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားပဲလုံးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၄၈၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

     မြေပဲဆန်(အနီ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀  ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး မြေပဲဆန်(အဖြူ)မှာ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)