Main menu

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်၌ ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၀၀၀၀ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၁၀၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၄၀၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၃၀၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ)လျှင် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ)လျှင် ၃၂၀၀ကျပ်မှ ၃၃၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ)လျှင် ၉၈၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ)လျှင် ၉၈၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ အာလူး (တစ်ပိဿာ)လျှင် ၂၆၀၀ကျပ်မှ ၂၇၀၀ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀ကျပ်မှ ၄၀၀၀ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀ကျပ်မှ ၆၀၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ)လျှင် ၂၂၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)လျှင် ၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း)လျှင် ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀ကျပ်မှ ၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၄၀၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း အသီသီးဈေးရှိကြောင်းသိရသည်။

    ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်ဖြစ်သော ကြက်သွန်ဖြူ(ရှမ်းစ)နှင့် (ကြူကုတ်) ဈေးနှုန်းမြင့်တက်ရခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ဒေသတွင်းစိုက်ပျိုး ထုတ်လုပ်မှုမရှိဘဲ ရှမ်း(တောင်)မှ ဝယ်ယူရောင်းချရ၍ ဈေးနှုန်းအနည်းငယ်မြင့်တက်ရသော်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/ လက်ကားရောင်းဝယ် ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)