စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းချမ်းသူသည် ၂၀၂၃-ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ကသာခရိုင်ဦးစီးမှူးရုံး၌ ကသာမြို့၊ အမှတ်(၉)ရပ်ကွက်မှ စားအုန်းဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာရမည့်တာဝန်များ၊ အခန်း(၁၁)ပါ စီးပွားရေးလုပ်ငန်း ရှင်များသည် ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးရမည့်အချက်များ၊ အခန်း(၁၈)ပါ ကုန်စည်အမျိုးအစားအလိုက် သိသာထင်ရှားစွာ ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)များတွင် ထည့်သွင်းဖော်ပြရမည့် သတ်မှတ်ချက်များ စသည်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)