Languages

Main menu

အိန္ဒိယသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတန်ချိန် ၇၅,၀၀၀ အား အာရပ်စော်ဘွားများ သမ္မတနိုင်ငံသို့ တင်ပို့ခွင့်ပြု

Powered by Drupal

အိန္ဒိယနိုင်ငံသည် အာရပ်စော်ဘွားများသမ္မတနိုင်ငံသို့ ဘာစမာတီမဟုတ်သော ဆန်ဖြူ တန်ချိန် ၇၅, ဝဝဝ ကို အမျိုးသားသမဝါယမပို့ကုန်လီမိတက် (National Cooperative Exports Limited) မှတစ်ဆင့် တင်ပို့ခွင့်ပြုခဲ့ကြောင်း အိန္ဒိယနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်တွင် ဖော်ပြထားပါသည်။ အိန္ဒိယသည် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဘာစမာတီမဟုတ်သော ဆန်ဖြူကို ဒေါ်လာ ၂.၂ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ပြီး အဓိကအားဖြင့် ကင်ညာ၊ မာဒါဂတ်စကာ၊ ဘီနင်နှင့် အာရပ်စော်ဘွားများသမ္မတနိုင်ငံတို့သို့ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံသည် ဇူလိုင်လတွင် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်ခဲ့သော်လည်း အခြားနိုင်ငံများ၏အစိုးရများမှ စားနပ်ရိက္ခာဖူလုံမှုလိုအပ်ချက်နှင့် တောင်းဆိုမှုတို့အပေါ်မူတည်၍ အစိုးရ၏ခွင့်ပြုချက်ဖြင့် အခြားနိုင်ငံများသို့ တင်ပို့ခွင့်ပြုသွားမည်ဖြစ်ပါသည်။ ဩဂုတ်လတွင် အိန္ဒိယနိုင်ငံသည် ဘူတန်၊ မောရစ်သျှနှင့် စင်္ကာပူနိုင်ငံများသို့ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှု ကိုတာခွဲတမ်းခွဲဝေရန် ဆုံးဖြတ်ခဲ့ပါသည်။ ဘာစမာတီမဟုတ်သော ဆန်ဖြူ ၇၉, ဝဝဝ မက်ထရစ်တန်အနက် ဘူတန်နိုင်ငံအပါအဝင် စင်ကာပူနိုင်ငံသို့ တန်ချိန် ၅ဝ, ဝဝဝ တန်နှင့် မောရစ်သျှနိုင်ငံသို့ တန်ချိန် ၁၄, ဝဝဝ တန်တင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံခြား ကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Source: Economic Times, September 25, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)