Main menu

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင်(စက်တင်ဘာလ တတိယအပတ်) ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၅၅၀၀)ကျပ်ဖြင့် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီမြစ်သားအမျိုးအစား လက်လီဈေးမှာ အကြီး/အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၃၅၀၀/၃၂၀၀)ကျပ်ဖြင့် ယခင်အပတ်အတိုင်း တည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)အလုံးကြီးတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) အလုံးသေးတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ချင်းတစ်ပိဿာလျှင် (၇၀၀၀/၈၀၀၀)ကျပ်ဖြစ်နေပြီး ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၈၀၀၀/၂၀၀၀၀)ကျပ်ဖြင့် ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူးအသေး/အကြီးတစ်ပိဿာလျှင် အမျိုးအစားအလိုက် (၂၅၀၀/၂၇၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် အနည်းငယ်လျော့ကျနေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် အကြီး/ အသေးပေါ်မူတည်ပြီး (၂၂၀၀/၂၀၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် အနည်းငယ်ပြန်လည်ကျဆင်းလျက်ရှိပါသည်။ ခရမ်းသီးတစ်ပိဿာလျှင် (၂၄၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၁၅၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၁၅၀၀) ကျပ်ဖြင့် ယခင်အပတ်ထက် အနည်းငယ်လျော့ကျလျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် အနည်းငယ်ကျဆင်းလျက်ရှိနေကြောင်း၊ သံပရာသီးတစ်လုံးလျှင် (၅၀) ကျပ်မှ (၁၀၀) ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၁၅၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး  ကုန်ဈေးနှုန်းများမှာ လောလောဆယ်၌ အနည်းငယ်မြင့်တက်လျက်ရှိနေကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည် ။

    ကြက်ဥလက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၃၀၀)ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၈၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၀၀/၃၅၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(cp)တစ်ပိဿာလျှင် (၁၄၀၀၀ )ကျပ်မှ (၁၆၀၀၀) ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၈၀၀၀ )ကျပ်မှ (၂၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်မှ (၁၄၅၀၀) ကျပ်ဖြင့် ယခင်ဩဂုတ်လဈေးနှုန်းအတိုင်း တည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သားဈေးမှာ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါးအသေးတစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ အကြီးတစ်ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့်  ငါးဈေးများမှာ ယခင်အပတ်ထက် အနည်းငယ်လျော့ကျနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့် ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပြီး စားအုန်းဆီတစ်ပိသာလျှင် (၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှသိရပါသည်။

DOCA(စစ်ကိုင်း)