စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၀-၉-၂၀၂၃)ရက်နေ့အထိ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၉/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများဝမ်းစာပြည့်ဝရေး၊ Capacity မြှင့်တင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တစ်ဦးချင်းအနေဖြင့် အားထုတ်ကြိုးပမ်းရန်လိုအပ်ပါကြောင်း၊ သင်တန်းပို့ချချက်များကိုလည်း သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ သင်တန်းတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုး(လက်ထောက်ညွှန်ကြားရေးမှူး)က အငြင်းပွားမှုဖြေရှင်းရေး စေ့စပ်ညှိနှိုင်းသူ (Mediator)များ၏ အခန်းကဏ္ဍအကြောင်းကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲတာဝန်ခံ ဦးသိန်းဦး(ဦးစီးအရာရှိ)က အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ တားဆီးကာကွယ်ခြင်းကဏ္ဍအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ကြီးကြပ်သူအရာရှိ တာဝန်ခံ ဒေါ်အေးမဉ္ဇူခိုင်(ဦးစီးအရာရှိ)က ကုန်အညွှန်းအမှတ်အသားစိစစ်ရာတွင် သတိမူရမည့်အချက်များနှင့် လုပ်ငန်းရှင်များအား အဓိက ထားဆွေးနွေးဟောပြောရမည့်အချက်များအကြောင်းကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်အေးအေးခိုင်(ဦးစီးမှူး)က စီးပွားရေးလုပ်ငန်းရှင်များသိသင့်သည့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း Power Point များဖြင့် အသေးစိတ်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောသင်တန်းသားများ၏ သိလိုသည်များမေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့်ဌာနတာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းနည်းပြများ စုစုပေါင်း(၄၅)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)