Main menu

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့်အတူ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများအဖွဲ့သည် (၁၈-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်၌ စက်သုံးဆီရောင်းချနေသော ဆီဆိုင်(၃)ဆိုင်သို့သွားရောက်၍ သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့် အမှန်တကယ်ရောင်းချမှုရှိ/မရှိနှင့် အချင်အတွယ်မှန်ကန်မှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

 ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြို့ပေါ်စက်သုံးဆီရောင်းချလျက်ရှိသော “ယောင်းမစွန်”၊ “သီဟ” နှင့် “TAL” ဆီဆိုင်များသို့ သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိစေရန်အတွက် LED Board များတွင်ဖော်ပြပေးရန်၊ နေ့စဉ် ရောင်းချနေသောဈေးနှုန်းများကိုလည်းဖော်ပြပေးရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကို ပုံးများ၊ ပေပါအလိုက် ရောင်းချမည့်သူများကိုလည်းရောင်းချခြင်းမပြုရန်၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်ဆီ၊ ချောဆီများတင်သွင်းရောင်းချခြင်းမပြုကြရန် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်နှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရန်တို့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)