Main menu

ရေစကြိုမြို့မဈေး၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသော ပခုက္ကူ၊ မုံရွာ၊ မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိ ကျေးရွာများဖြစ်သည့် ညောင်တော၊ ကူတုတ်ရွာမှ သီးနှံအများဆုံးဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ဒုတိယအပတ်)တွင် ရေစကြိုမြို့မဈေးအတွင်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ခရမ်းချဉ်သီး(အင်းသီး)(၁)ပိဿာလျှင် ကျပ်(၂၂၀၀ မှ ၂၄၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၂၀၀ မှ ၂၄၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၈၀၀ မှ ၃၀၀၀)၊ မျှစ် (တောင်ရိုး)(၁)ပိဿာလျှင် ကျပ်(၂၃၀၀ မှ၂၅၀၀)၊ ကင်းမုံသီး(၁)ပိဿာလျှင် ကျပ်(၁၈၀၀ မှ ၂၀၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၂၈၀၀)၊ ဆင်ခြေယာငရုတ်သီးခြောက်(၁)ပြည်လျှင် ကျပ် (၂၆၀၀ မှ ၂၇၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၃၇၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ် (၉၀၀၀ မှ ၁၀၀၀၀)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၅၀၀၀ မှ ၅၅၀၀)၊ ကြက်ဟင်းခါးသီး(၁) ပိဿာလျှင် ကျပ်(၁၅၀၀ မှ ၁၆၀၀)၊ ရုံးပတီသီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀ မှ ၁၆၀၀)၊ မေမြို့ပဲသီး (အပြား)(၁)ပိဿာလျှင် ကျပ်(၂၂၀၀မှ ၂၄၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်(၂၅၀မှ ၃၀၀)၊ သခွားသီးတစ်လုံးလျှင် ကျပ်(၅၀၀)၊ ဒညင်းသီးတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ မုန့်လာထုပ်တစ်ထုပ်လျှင် ကျပ် (၉၀၀မှ ၁၀၀၀)၊ ခါကြက်ဥ(ထိုင်ဝမ်)(၁)ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၂၀၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၃၅)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ဘူးရွက်တစ်စည်းလျှင် ကျပ်(၈၀)၊ နံနံပင်တစ်စည်းလျှင် ကျပ်(၈၀)၊ သံပရာသီး(၁)လုံးလျှင် ကျပ်(၁၀၀)၊ သကြားပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၃၀၀)၊ မန်ကျည်းသီးမှည့်အစေ့လွတ်(၁)ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၃၇၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၇၈၀၀)၊ ကုလားပဲခြမ်း(အနီဆံ)(၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ ကုလားပဲခြမ်း(အဖြူဆံ)(၁)ပြည်လျှင် ကျပ်(၇၇၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၆၀၀) စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေစကြိုမြို့မဈေးအတွင်းရှိ ရောင်းချသူဈေးသည်များထံမှသိရှိရပါသည်။    

DOCA(မကွေး)