ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ထိပ်ခေါင်မုန့်ဟင်းခါးဖိုလုပ်ငန်းသို့သွားရောက်၍ SMEs လုပ်ငန်းဖွံ့ဖြိုးရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံက ခေတ်မီစက်ကြီးဖြင့် ထုတ်လုပ်လျက်ရှိ သည့်အတွက် အားရကျေနပ်မိပါကြောင်းနှင့် တစ်ရက်ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများကိုဆွေးနွေးမေးမြန်းခဲ့ပါသည်။ လုပ်ငန်းရှင်ဦးသိန်းလွင်ကလည်း လျှပ်စစ်မီးပုံမှန်မလာသဖြင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် တွက်ခြေကိုက်မှုနည်းပါးလျက်ရှိပါကြောင်းနှင့် လျှပ်စစ်မီးပုံမှန်ရရှိရေး ဆောင်ရွက်ပေးပါက လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမှုရှိလာမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့မှုကို သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)