Main menu

ဒေးဒရဲမြို့၊ တော်ကျိုက်ကျေးရွာ၊ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန် တွင် ဒေးဒရဲမြို့တော်ကျိုက်ကျေးရွာ၊ အ.မ.ကကျောင်းရှိ ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး‌ဟောပြောခဲ့ပါသည်။

  အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာမှုဆုံးရှုံးမှုများဖြစ်ပေါ်လာပါက  တိုင်ကြားမှုစင်တာများဖွင့်ထား၍ တိုင်ကြားနိုင်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ/ မ( ၅ )ဦး၊ ကျောင်းသူ/ သား( ၉၀ )ဦး၊    စုစုပေါင်း(၉၅)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)