ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဈေးကွက်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်း ကလေးအာဟာရဖြည့်စွက်စာရောင်းချနေမှုကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့မဈေးနှင့်ရပ်ကွက်များအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစံညွှန့် (ဦးစီးမှူး) ဦးဆောင်လျက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူတို့က မြို့မဈေးနှင့် ရပ်ကွက်ကုန်စုံဆိုင်များရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/မရှိ၊ ညွှန်ကြားချက်အမိန့်အမှတ် (၂/၂၀၁၉) ဖြင့်ထုတ်ပြန်ထားသော ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်နှင့်ကိုက်ညီမှုရှိ/မရှိနှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် နို့စို့ကလေးနှင့်ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသောအစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်ဖော်ပြထားခြင်းနှင့်ကိုက်ညီမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရှိရပါသည်။
DOCA(ရခိုင်)