၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursdays Talk အမှတ်စဉ် (၇/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးအနေဖြင့် ဝန်ကြီးဌာနရုံးချုပ်တို့၏ လမ်းညွှန်ချက်များနှင့်အညီ ကြာသပတေးနေ့ စကားဝိုင်း (Thursdays Talk) အား လစဉ် ကျင်းပပြုလုပ်ဆောင်ရွက်ပြီးကြောင်းနှင့် ကြာသပတေးနေ့ စကားဝိုင်း (Thursdays Talk) ကျင်းပပြုလုပ်ခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် အသိပညာဗဟုသုတများ အချင်းချင်းဝေမျှနိုင်မည်ဖြစ်ပြီး လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အထောက်အကူဖြစ်နိုင်မည်ဖြစ်ကြောင်းသိရသည်။ အခမ်းအနားသို့ ဝန်ထမ်း(၁၃)ဦးတက်ရောက်ခဲ့ကြ၍ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursdays Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ရုံးချုပ်၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သော (၆)လပတ်ညှိနှိုင်းအစည်းအဝေးဆုံးချက်နှင့် ဝန်ကြီးလမ်းညွှန်ချက်အပေါ် ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား ပြန်လည်၍အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများကလည်း သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)