Main menu

ပန်တောင်းဒေသထွက် ဩဇာသီးဈေးနှုန်း/ ဈေးကွက်

Powered by Drupal

    ပြည်ခရိုင်၊ ပန်တောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း၌ ဩဇာသီးများစတင်ထွက်ပေါ်လာပြီဖြစ်၍ ဩဇာသီးစိုက်ပျိုးသူထံသို့သွားရောက်၍ ကွင်းဆင်းလေ့လာ ခဲ့ပါသည်။

   ဩဇာသီးသည်ရာသီပေါ် အစားအစာဖြစ်သည့်အတွက် လူအများစုအလွန်ကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် စားသုံးသူရေးဦးစီးဌာန၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ဩဇာသီးစိုက်ပျိုးသော ရွှေညီနောင်အုပ်စု၊ ဗြူးကုန်းကျေးရွာရှိ တောင်သူဦးဝင်းရွှေနှင့်တွေ့ဆုံ၍မေးမြန်းရာ ဩဇာခြံတွင် ဩဇာပင်(၂၀၀)ခန့်စိုက်ပျိုးထားရှိကြောင်းသိရပါသည်။ ယခုကာလဖြစ်သော ဩဇာသီးပေါ်ချိန်တွင် အလုံးပေါင်း (အကြီး/ အသေး) (၅၀၀)ကျော်ခူးဆွတ်ရရှိကြောင်း ခန့်မှန်းသိရှိရပါသည်။ ယခင်နှစ်များတွင် ဩဇာသီးအထွက်နှုန်းကောင်းသလောက် ယခုနှစ်တွင် အထွက်နှုန်းနည်းသွားကြောင်းသိရပါသည်။ ထိုသို့အထွက်နှုန်းနည်းသွားရခြင်းမှာ ဩဇာပွင့်များပွင့်ချိန်တွင် မိုးများအဆက်မပြတ်ရွာသွန်းသွားသဖြင့် အပွင့်များကြွေကျကုန်သောကြောင့်ဖြစ်ပါသည်။ ဩဇာပင် (၂၀၀)တွင် တစ်ခါခူးဆွတ်လျှင် အလုံးပေါင်း(၅၀) မှ(၇၀)အကြားခူးဆွတ်ရရှိကြောင်းသိရပါသည်။ ရင့်မှည့်လာသောအသီးများကို (၁)လသာသာအထိ ခူးဆွတ်ရောင်းချကြောင်းသိရပါသည်။

   ပန်းတောင်းဒေသထွက် ဩဇာသီးဈေးနှုန်းများမှာ ပေါ်ခါစအချိန်တွင် အလုံးချောလျှင် တစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချပြီး အလုံးအကြီး/အသေးပေါ်မူတည်၍လည်း တစ်လုံးလျှင် ၅၀ကျပ်မှ ၁၀၀ကျပ်ထိရောင်းချကြောင်းသိရပါသည်။ ဩဇာသီးဈေးကွက်အနေဖြင့် ပန်းတောင်းမြို့ရှိ ဈေးများအပြင် ပြည်ဒေသရှိဈေးများနှင့် ဟင်္သာတမြို့သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)