Main menu

ရွှေတောင်မြို့နယ်တွင် ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ကွမ်းပင်များစိုက်ပျိုးထားသူနှင့်တွေ့ဆုံရန်သွားရောက်ခဲ့ပါသည်။

     ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာသို့ (၂၂-၉-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ကွမ်းရွက်များစိုက်ပျိုးသူ ဦးဟိန်းဇော်ထက်နှင့်တွေ့ဆုံ၍မေးမြန်းရာ ကွမ်းရွက်ပင် (၁၅၀၀)ခန့်စိုက်ပျိုးထားပြီး ကုန်ကျစရိတ်အနေဖြင့် ဝါးတိုင်၊ အမိုးအကာအပါအဝင် (၅)သိန်းကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ စိုက်ပျိုးသည့်မျိုးမှာ စလင်းမျိုးဖြစ်ပြီး စိုက်ပျိုးပြီး (၄၅)ရက်ကြာလျှင် မှိုသတ်ဆေးကို (၇)ရက်လျှင် တစ်ခါဖြန်းပေးရပြီး အပင်ကြီးလာလျှင် (၁၅)ရက်တစ်ခါ ဖျန်းပေးရကြောင်းသိရပါသည်။ ကွမ်းရွက်ကိုစိုက်ပျိုးပြီး (၂)လခွဲကြာလျှင် စတင်ခူးဆွတ်ရပြီး အပင်ငယ်ချိန်တွင် တစ်ခါခူးဆွတ်လျှင် (၅)ပိဿာခန့်ရရှိကာ အပင်ကြီးလာလျှင် ပိဿာ (၃၀)ကျော်ခန့်ခူးဆွတ်ရရှိကြောင်းသိရပါသည်။ ကွမ်းရွက်များကို တစ်ခါခူးဆွတ်ပြီး (၁၀ - ၁၅)ရက်အကြာမှသာ ထပ်မံခူးဆွတ်ရကြောင်းသိရပါသည်။ ထွက်ရှိလာသောကွမ်းရွက်များကို ကွမ်းဒိုင်များမှ အိမ်အရောက်လာဝယ်ကြပြီး ကွမ်းရွက်ဈေးမှာ အတက်အကျမှန်ကန်မှုမရှိဘဲ ယခုစက်တင်ဘာလတွင် ကွမ်းရွက်ဈေးနှုန်းများမှာ (၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ ကွမ်းရွက်ပင်မှာ အပင်အားဆေးကျွေးစရိတ်၊ မှိုသတ်ဆေးဖြန်းစရိတ်၊ အနွယ်များကိုခွေလိုက်ဖြင့် တစ်ခါတည်းစိုက်ပျိုးထားလျှင် နှစ်ရှည် ဝင်ငွေရသော ကွမ်းရွက်ပင်ဖြစ်ပါသည်။

  ထို့ကြောင့် ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့် ရွှေတောင်မြို့နယ်တွင် အကျိုးအမြတ်များစွာရရှိသဖြင့် ထပ်မံတိုးချဲ့စိုက်ပျိုးလျှင် အကျိုးအမြတ်ပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)