Main menu

ပြည်မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း   အခြေခံစားသောက်ကုန်တို့ကို ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ပြည်မြို့နယ်အခြေခံစားသောက်ကုန်တည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှစတင်၍ ရွာဘဲနယ်မြေ၊ ကိုးသောင်းရပ်ကွက်ရှိခေတ္တရာဆီစက်၊ ရွှေဟင်္သာအရှေ့ပေါက်၊ ဗိုလ်ချုပ်လမ်းရှိ ငါးသုံးလုံးဆီစက်၊ မူယာပင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဒေါ်လာဆီစက်နှင့် စက်မှုလုပ်ငန်းအတွင်းရှိ ရွှေခေတ္တရာဆီစက်များသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဆီဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်၏အခြေခံရည်ညွှန်းဈေးဖြင့် ခွဲတမ်းရရှိထားသော သက်သာသောဈေးနှုန်းဖြင့်  စားအုန်းဆီများဖြန့်ဖြူးရောင်းချနေသည့် ရွှေကူရပ်ကွက်ရှိ ဦးမြင့်ဆွေဆီစက်သို့လည်းကောင်း၊ ဆံတော်ရပ်ကွက်ရှိ ဆီလုပ်ငန်းရှင် ဦးရဲဝင်းအောင်၏အရောင်းဆိုင်သို့လည်းကောင်း၊ ကျောင်းကြီးအိုးတန်းရပ်၊ မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့လည်းကောင်း သွားရောက်၍ သက်သာ သောဈေးနှုန်းဖြင့်‌ ရောင်းချမှုရှိ/မရှိ၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုရှိ/မရှိကို အဖွဲ့ဖြင့် နေ့လယ်(၁၄:၀၀)နာရီအချိန်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)