ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်များ၊ ဥသျှစ်ပင်မြို့ရှိ ဈေးဆိုင်များသို့သွားရောက်၍ သောက်ရေသန့်ဘူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သန်းသန်းအေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ (၂၁-၉-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်၍ စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ရေသန့်ဘူးများပေါ်တွင် ရေးသားဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားရှိခြင်းရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ပါကြောင်း သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရေသန့်ဘူးများအား သန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)