Main menu

မင်းဘူးမြို့နယ်တွင် အခြေခံလူတန်းစားများ စားဝတ်နေရေးဖူလုံစေရေး ဆန်နှင့်ဆီများရောင်းချပေး

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တွင် အခြေခံလူတန်းစားများ တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေးဖူလုံစေရေးအတွက် မင်းဘူးမြို့မဈေးအတွင်း၌ ဆန်လုပ်ငန်းရှင်များစုပေါင်း၍ ဆန်များရောင်းချမှုနှင့် အမှတ်(၄)ရပ်ကွက်၊ တမာတန်း၌ ဦးအေးငွေဆီဆိုင်မှ ဆီရောင်းချနေမှုများအား မင်းဘူးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။

  မင်းဘူးမြို့မဈေးဓမ္မာရုံ၌ (၂၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင်  မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဆန်ရောင်းချသူများကစုပေါင်း၍ ပြည်သူတစ်ဦးလျှင် ရက်(၉၀)ဆန်(၁)ပြည်လျှင် ကျပ် (၂၅၀၀)နှုန်းဖြင့် ဆန်(၄၀)အိတ်၊ မင်းဘူးမြို့မဈေးအနောက်ဘက်ရှိ စွယ်တော်ဆန်ဆိုင်မိသားစုမှ ရက် (၉၀)ဆန်(၁)ပြည်လျှင် ကျပ်(၂၅၀၀)နှုန်းဖြင့် ဆန်(၂၅)အိတ်၊ ရွှေဘို(ပေါ်ဆန်း)ဆန်(၁)ပြည်လျှင် ကျပ်(၅၀၀၀)နှုန်းဖြင့် ဆန်(၂၅၀)ပြည်၊ စုစုပေါင်းလူဦးရေ (၁၈၁၀)ဦးနှင့် အမှတ်(၄)၊ တမာတန်းရှိ ဦးအေးငွေဆီဆိုင်မှ ပြည်သူတစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၅၀၀၀) နှုန်းဖြင့် ဆီ(၅၅၀)ပိဿာ၊ စုစုပေါင်းလူဦးရေ (၅၅၀)ဦးအား ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့ရောင်းချ‌‌ပေးရာတွင် စနစ်တကျရှိစေရေးအတွက်  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၏ တစ်ခဲနက်လာရောက်ဝယ်ယူနေမှုကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)