Main menu

စက်တင်ဘာလ (တတိယပတ်) တွင်ဖြစ်ပေါ်နေသော ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့မှ (၂၁)ရက်နေ့ထိ (တတိယပတ်)အတွင်း နေ့စဉ် ကုန်ချိန်ပိဿာ(၂)သောင်းခွဲခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁) သိန်းခွဲခန့်၊ ကုန်စည်ဒိုင်တွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ (၁)ပတ်အတွင်း ပိဿာ (၄)သိန်းခန့်စီးဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

      ယခုစက်တင်ဘာလ(တတိယပတ်)အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းများမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ်(၂၆၅၀ မှ ၂၉၅၀)၊ အလတ်စ ကျပ်(၂၅၀၀ မှ ၂၆၂၅)၊ အနိမ့်ဈေး ကျပ်( ၂၄၀၀ မှ ၂၆၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်အပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုအပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၅၀)၊ အလတ်စနှင့် အသေးစ ကျပ်(၅၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

  ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးစီးဆင်းလျက်ရှိပြီး ပြည်ပတင်ပို့မှုနည်းကြောင်း ကြက်သွန်နီဈေးကွက်မှသိရှိရသည်။ ယခုစက်တင်ဘာလ (တတိယပတ်) အတွင်း ကြက်သွန်နီစုစုပေါင်းပျမ်းမျှပိဿာ(၄)သိန်းခန့်၊ (၁၆၀၀၀)အိတ်၊ တန်ချိန် (၆၅၃)တန်ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။

     ဆိပ်ဖြူကြက်သွန်နီအရောင်းအဝယ်ဖြစ်မှုမှာ စက်တင်ဘာလ(တတိယပတ်)တွင် ပြည်ပဝယ်လိုအားနည်း၍  ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)