Main menu

တောင်ငူမြို့၏ မုံလာဥဖြူနှင့် မုံလာရွက်

Powered by Drupal

    တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရိုးတံစိမ်းစိမ်း၊ အရွက်ဖားဖားနှင့် ဥဖြူကြီးကြီးတွေပါသော မုံလာပင်များ ရောင်းအားကောင်းကြောင်း သိရပါသည်။ အရွက်ကို ချဉ်ဖတ်တည်၍ လည်းကောင်း၊ ပြုတ်ပြီး အတို့အမြှုပ်အဖြစ်လည်းကောင်း စားသုံးကြပါသည်။

    အရွက်ထက် ဥကို အဓိကထားစားကြပါသည်။မုံလာဥဖြူမှာ အဖြူရောင် ရှည်မြောမြော ပုံစံရှိသကဲ့သို့ ပုဝိုင်းဝိုင်းပုံစံများလည်း ရှိပါသည်။ အရသာမှာ အစိမ်းတိုင်းစားလျှင် ခပ်စပ်စပ် အရသာရှိပြီး ချက်စားလျှင် ချိုပါသည်။ ချဉ်ရည်ဟင်းချက်စား၍ ရသကဲ့သို့ သုပ်စား၍ ဖြစ်စေ၊ ချဉ်ဖတ်တည်၍ဖြစ်စေ အမျိုးမျိုး စားသုံးကြပါသည်။

    ဟင်းသီးဟင်းရွက်ဆိုင်များတွင် ဥဖြူအသေးပါ မုံလာရွက်တစ်စည်းလျှင် ၄၀၀ ကျပ်၊ သုံးစည်းယူလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ဥချည်းသက်သက်ဆိုလျှင် ဥကြီး တစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)