စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက် ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်း ရွက်သီးနှံများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် ၂၃ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စု ဈေးရှေ့ တွင် နံနက် (၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး လျက်ရှိပါ သည်။
ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှု ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ ဆန်တစ်ပြည်လျှင် ၂၈၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၄၉၀၀ ကျပ်၊ ဝယ်ယူသည့်ပြည်သူများ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ရောင်းချပေးခဲ့ပြီး ကြက်ဥ (၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ငုံးဥ (၂၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက် သီးနှံများကိုပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)