တောင်ငူမြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးနှင့် တုန်ချဉ်သီးများ ရောင်းချလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)လိမ္မော်သီး အကြီး တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်နှင့် အသေး တစ်ပိဿာလျှင် ၉၀၀၀ ကျပ် ရှိပါသည်။ သုံးပိဿာနှင့်အထက် ဝယ်ပါက ဈေးလျော့နည်းပါသည်။
တုန်ချဉ်သီးမှာ ဖျော်ရည်ဖျော်သောက်သည့် အသီးတစ်မျိုးဖြစ်ပြီး တစ်ပိဿာလျှင် အကြီး ၁၇၀၀ ကျပ်၊ အလတ် ၁၅၀၀ ကျပ်နှင့် အသေး ၁၂၀၀ ကျပ်ရှိပါသည်။ ယခုအခါ ပေါ်ခါစဖြစ်ပြီး လှိုင်လှိုင်ပေါ်လျှင် ဈေးနှုန်းကျဆင်းနိုင်ပါသည်။ လိမ္မော်သီးနှင့် တုန်ချဉ်သီးဟု ခေါ်ကြသော်လည်း နှစ်မျိုးလုံးမှာ လိမ္မော်မျိုးရင်းဖြစ်ကြောင်း သိရပါသည်။ မြန်မာတို့က ခွံပွလိမ္မော်ကို လိမ္မော်သီးဟုခေါ်ပြီး ခွံကျစ်လိမ္မော်ကို တုန်ချဉ်သီး ဟုခေါ်ပါသည်။ တုံချဉ်သီးကို ကမ္ပလာသီးဟုလည်း ခေါ်ပါသည်။ လိမ္မော်သီးမှာ တုန်ချဉ်သီးထက် ရောင်းအားပိုကောင်းကြောင်း သိရပါသည်။
DOCA(ပဲခူး)