မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက (၂၅-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ် (၄၅၀၀)နှုန်းဖြင့် မကွေးမြို့နယ်၊ မကျီးကန်ကျေးရွာ၌ အိမ်ထောင်စု(၁၀၈၀)စုအတွက် စားအုန်းဆီ (၁၀၈၀)ပိဿာ၊ ဆားတိုင်ကန်ကျေးရွာ၌ အိမ်ထောင်စု(၁၂၅၀)စုအတွက် စားအုန်းဆီ (၁၂၅၀)ပိဿာရောင်းချပေးနေမှုအား အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် ရောင်းချရာတွင် စနစ်တကျရှိစေရေး မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့်ဝန်ထမ်းများသည် သွားရောက်၍ ကွင်းဆင်းကြီးကြပ်ခဲ့ကြပါသည်။
ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းသည် မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ရာ ဆရာ/ မများနှင့် ကျောင်းသား/ သူများအား စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူ၏တာဝန်(၄)ချက်၊ ကုန်စည်များဝယ်ယူစားသုံးသုံးစွဲရာတွင် သတိပြုရမည့်ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားပုံနည်းလမ်းနှင့် အလွယ်တကူခေါ်ဆိုတိုင်ကြားနိုင်သော Consumer Call No. (1535) သို့ခေါ်ဆို၍ သိလိုသည်များနှင့်တိုင်ကြားလိုသည်များကို တိုင်ကြားမေးမြန်းနိုင်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်ခဲ့သော ဆရာ/ မများနှင့် ကျောင်းသား/ သူ(၁၄၈)ဦးတို့အား ဌာနမှထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)