Main menu

တောင်ငူမြို့တွင် ဆန်ဈေးတည်ငြိမ်ပြီး စပါးဈေးအနည်းငယ်ကျ

Powered by Drupal

     တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဒေသ ပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ဧည့်မထ (မိုးဆန်)မှာ စက်တင်ဘာလ တတိယပတ်တွင် တစ်အိတ်လျှင် ၈၂၀၀၀ ကျပ်မှ ၈၆၀၀၀ ကျပ်၊ ဧည့်မထ (နွေဆန်)မှာ တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်ရှိပါသည်။

       မိုးစပါးမှာ ယခင်အပတ်က တင်း ၁၀၀ လျှင် ၂၃၀၀၀၀၀ ကျပ်မှ ယခုစက်တင်ဘာလ တတိယပတ်တွင် ၂၂၀၀၀၀၀ ကျပ်၊ နွေစပါးမှာ ယခင်အပတ်က တင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်မှ စက်တင်ဘာလ တတိယပတ်တွင် ၁၈၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်း ပါသည်။

     စက်တင်ဘာလ တတိယပတ်တွင် ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၈၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်၊ ဖွဲနုမှာ ၂၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   မတ်ပဲ(၃၀ ပိဿာအိတ်) ယခင်အပတ်က တစ်အိတ်လျှင် ၁၁၇၀၀၀ ကျပ်ရှိရာမှ စက်တင်ဘာလ တတိယပတ်တွင် ၁၂၁၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်ပြန်တက်ပါသည်။ ပဲလွန်းဖြူနှင့် ပဲတီစိမ်းမှာ အရောင်းအဝယ်မရှိကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှ သိရပါသည်။

DOCA(ပဲခူး)