Main menu

မြို့သစ်မြို့စျေးကွက်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးဆယ်မောင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၂-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မစျေးအတွင်းနှင့် အပြင်တန်းကုန်စုံဆိုင်များနှင့် စျေးကွက်အတွင်းရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိ၊ သက်တမ်းလွန်သည့်ဖြည့်စွက်စာများရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များရှိ/မရှိတို့ကို သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးဦးဆယ်မောင်က  ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင်  မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာ၌  စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်နှင့်ကိုက်ညီမှုရှိ/မရှိ၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသောအစားအသောက်များ စျေးကွက်တင်ခြင်းဆိုင်ရာ အမိန့်ဖော်ပြထားခြင်းနှင့်ကိုက်ညီမှုရှိ/မရှိတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)