Main menu

တောင်ငူမြို့တွင် ကြက်သားဈေးအနည်းငယ်တက်ပြီး ဒေသငါးနှင့်ပုစွန်ဈေးကျ

Powered by Drupal

    တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက်)မှာ ယခင်အပတ်က အကောင်လိုက်ဈေး ၁၅၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၈၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် အကောင်လိုက်ဈေး ၁၆၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၂၀၀၀၀ ကျပ်၊ စီပီကြက်မှာ ယခင်အပတ်က အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ အခြမ်း လိုက်ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၀၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် တက်ပါသည်။

    ဝက်သား(ရေလွတ်သား) သုံးထပ်သား တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ပေါင်သား တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငါးကြင်းမှာ အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ငါးကြင်းဖြူမှာ အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ငါးရံ့မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်အထိရှိရာမှ ယခုစက်တင်ဘာ လ တတိယပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀၀ အသေး ၁၂၀၀၀ ကျပ်၊ အလတ် ၁၄၀၀၀ ကျပ်နှင့် အကြီး ၁၆၀၀၀ ကျပ်၊ ငါးခူမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်အထိရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် အသေး ၁၈၀၀၀ ကျပ်၊ အလတ် ၂၀၀၀၀ ကျပ်နှင့် အကြီး ၂၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပါသည်။

   ပုစွန်ဆိတ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ပုစွန်ကျော့မှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပုစွန်အသေးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်မှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ပုစွန်အလတ်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၇၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်နှင့် ပုစွန်အကြီးမှာ ယခင်အပတ်က ၃၀၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် ကျဆင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)