Main menu

ကရင်ပြည်နယ် ဘားအံမြို့ ထုံးအိုင်စံပြကျေးရွာတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

       ၁၂.၁၂.၂၀၂၁ ရက်နေ့တွင် ကရင်ပြည်နယ်ဘားအံမြို့ ထုံးအိုင်စံပြကျေးရွာ၊ အ.မ.က(၂) ကျောင်း၌ ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး (ဒုတိယညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

         ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကုန်စည်များတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၃)အရ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည်အချက်များမှာ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းကိုပါ စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဟောပြောပွဲတွင် စီးပွားရေးလုပ်ငန်းရှင် (၃)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)