Main menu

မြေပဲဆန်ဈေးအနည်းငယ်ကျဆင်းလာသည့် ပြည်ဈေးကွက်

Powered by Drupal

     ပြည်ဈေးကွက်သို့ မိုးမြေပဲများကို ယခု စက်တင်ဘာလ တတိယပတ်တွင် ခရိုင်အတွင်း မြို့နယ်များဖြစ်သော ရွှေတောင်၊ ပေါက်ခေါင်းနှင့် အခြားတိုင်းများဖြစ်သော မြန်အောင်၊ ကြံခင်းဘက်မှ တစ်နေ့လျှင် မြေပဲဆန်အိတ် (၃၀၀/၄၀၀)ခန့် အဝင်ရှိပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်တာတွေ့ရပါသည်။ ရန်ကုန်နှင့် မန္တလေးဘက်မှ ဝယ်လက်များကလည်း ဝယ်ယူမှုရှိခြင်း၊ ဒေသတွင်းဆီစက်လုပ်ငန်းရှင်များကလည်း ဝယ်ယူမှုရှိခြင်းတို့ကြောင့် ပြည်ဒေသရှိ ပွဲရုံနှင့် ဈေးကွက်များတွင် ပုံမှန်ရောင်းဝယ်လျက်ရှိပါသည်။ မြေပဲဆန်ဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ တတိယပတ်တွင် ဆီဆန်(အဖြူ) တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ဆီဆန် (အနီ)တစ်ပိဿာလျှင် (၆၇၀၀)ကျပ် နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင် (၆၇၀၀)ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် (၇၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင် စက်တင်ဘာလ ပထမပတ်နှင့် ယှဉ်လျှင် မြေပဲဆန်ဈေးအနည်းငယ်ပြန်ကျသွားတာ တွေ့ရပါသည်။  မြေပဲဆန်များဈေးကွက်တွင် အဝင်လှိုင်လာခြင်းတို့ကြောင့် တစ်ပိဿာလျှင် ၄၀၀-၈၀၀ ကျပ်ခန့်ဈေးအနည်းငယ်ကျလာသည်ဟု သိရပါသည်။  မြေပဲဆီဈေးမှာ ယခုစက်တင်ဘာလ တတိယပတ်တွင် မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်ဖြင့် ရောင်းချ၍ ယခင် စက်တင်ဘာ လ ပထမပတ်တွင်   တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့၍ တစ်ပိဿာလျှင် (၅၀၀)ကျပ်ခန့် ဈေးများပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရပါသည်။ ယခုလိုမြေပဲဆီ ဈေးနှုန်းများ ကျဆင်းလာရခြင်းမှာ နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းများဖြင့် စားအုန်းဆီများကို ရောင်းချပေးခြင်း၊ မြေပဲများအထွက်လှိုင်ချိန်ဖြစ်သဖြင့် ဈေးကွက်တွင် မြေပဲဆန် လက်ကျန်များနေခြင်းကြောင့် ဖြစ်သည်ဟု သိရပါသည်။

DOCA(ပဲခူး)