Main menu

ရခိုင်ဝယ်လက်အဆွဲများ၍ ဈေးမာလာသည့်ပြည်ချင်း

Powered by Drupal

    ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ ချင်းဈေးများယခင်အပတ်ထက်ဈေးပိုလာသဖြင့် ဝင်ရောက်မှု၏ သုံးပုံနှစ်ပုံခန့်သာ အရောင်းအဝယ်ဖြစ်ပြီး အရောင်းပါးလျှက်ရှိနေပါသည်။ အဝင်အားဖြင့်လည်း ပိဿာ(၃၀)ဝင် အိတ် (၂၀၀)ခန့်သာ ပုံမှန်အဝင်ရှိပြီး ယခင်ကထက် အဝင်နည်းနေပါသည်။ ရခိုင်ဝယ်လက်များမှ တိုက်ရိုက်ဆင်းပြီး ဝယ်ယူမှုများရှိနေသည့်အတွက် ချင်းစိုက်ပျိုးရာ အောင်ပန်း၊ တောင်ကြီးဘက်မှ တောင်သူများလည်း ဈေးတင်ရောင်းချမှုများရှိသဖြင့် နယ်ဝယ်လက်များမှပါ ဈေးကောင်းပေးပြီး မှာယူရောင်းချနေပါသည်။ ယခုတစ်ပတ်ပွဲရုံများ၌ ချင်းတစ်ပိဿာကို ၇၀၀၀-၈၀၀၀ ကျပ်နှင့် လက်လီဈေးမှာ တစ်ပိဿာလျှင် ၉၀၀၀-၁၀၀၀၀ကျပ်ရှိပြီး ချင်းဓါးလှီးတစ်ပိဿာ ၅၀၀၀ကျပ်ဈေးရှိပြီး၊ ချင်းဓါး လှီးသမားများမှာ လက်လီ/လက်ကားရောင်းဝယ်သူများနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်သို့ တင်ပို့မှုအပါအဝင် ပွဲရုံများ၌ ပိဿာချိန် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ကာလများထက် အရောင်းအဝယ်ပါးလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)