Main menu

ပြည်မြို့သခွားသီးဈေးကွက်

Powered by Drupal

    ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ မှော်ဇာကျေးရွာအုပ်စုတွင် စပါး၊ ပဲ၊ ပြောင်းတို့ကိုအဓိကထား စိုက်ပျိုးကြသလို ဟင်းသီးဟင်းရွက်ဖြစ်သော သခွားသီးကိုလည်းစိုက်ပျိုးကြပါသည်။ သခွားသီးကို ဆောင်းသခွားသီးနှင့် မိုးသခွားသီးဟူ၍ နှစ်မျိုးကို ရာသီအလိုက်စိုက်ပျိုးကြပါသည်။ သခွားသီးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ များတွင် ပိုမိုဖြစ်ထွန်းပါသည်။ မိုးသခွားသီးကို မိုးရာသီဖြစ်သော မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြသလို ဆောင်းသခွားသီးကို ဆောင်းရာသီဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပါသည်။ သခွားသီးတစ်ဧကစိုက်ပျိုးလျှင် အပင် (၆၀၀၀)ကျော်အထိ စိုက်ပျိုးနိုင်ပြီး ရေမြေရာသီဥတုပေါ်မူတည်၍ တစ်ဧကလျှင် သခွားသီးအလုံးရေ(၂)ထောင်ကျော်ထွက်ရှိသည်ဟု သိရပါသည်။ သခွားသီးကိုစိုက်ပျိုးပြီး (၁)လခွဲမှ (၂)လအကြာတွင် အသီးများစတင် ခူးဆွတ်ရပါသည်။

    သခွားသီးဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် ပေါ်ခါစတွင် အသေးတစ်လုံးလျှင် (၁၀၀)ကျပ် ရောင်းချပြီး သုပ်၍စားရသောအရွယ်ကို တစ်လုံးလျှင် (၃၀၀)ကျပ်နှုန်းဖြင့်ရောင်းချကြောင်း သိရပါသည်။ မှော်ဇာဒေသမှ ထွက်ရှိသော သခွားသီးများကို ပြည်ဒေသတွင်းဈေးကွက်များသို့ တင်ပို့ရောင်းချသလို ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့လည်း တင်ပို့ရောင်းချကြောင်း သိရပါ သည်။

DOCA(ပဲခူး)