Main menu

လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်သော်လည်း ဈေးငြိမ်နေသည့်ပြည်ပဲလွမ်းဖြူ

Powered by Drupal

     စက်တင်ဘာလအတွင်း ပြည်ပဲဈေးကွက်မှာ ပဲအသစ်များဝင်ရောက်ခြင်းမရှိကြဘဲ ပဲဟောင်းများ လက်ကျန်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ကြပါသည်။ အဆိုပါပဲများထဲတွင် ပဲလွန်းဖြူ သီးနှံမှာ ဈေးကွက်အတွင်း လက်လီသမား၊ လက်ကားသမားများဖြင့် ရောင်းဝယ်မှုဖြစ်ခဲ့ကြပါသည်။ ဒေသအတွင်း လက်လီသမားများဝယ်ယူမှုအနေဖြင့် တစ်ရက် အိတ် ၂၀/၃၀ ရောင်းဝယ်မှုဖြစ်ပြီး ရန်ကုန်ဝယ်လက်နှင့် အခြားလက်ကားဝယ်လက်များ ဝယ်ယူသည့်ရက်များတွင် အိတ် ၁၀၀ကျော် အရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။ ဈေးနှုန်း အနေဖြင့် ပိဿာ(၂၀)တစ်တင်း ၅၃၀၀၀ကျပ်ဖြင့် ဈေးအတက်အကျသိပ်မဖြစ်ဘဲ ရောင်းဝယ်လျက်ရှိခဲ့ပါသည်။ ယခုနှစ်အတွင်း အခြားပဲအားလုံး ဈေးမြင့်တက်ခဲ့သော်လည်း ပဲလွမ်းဖြူသီးနှံမှာ ဈေးသိသိသာသာ မြင့်တက်ခြင်းမျိုးတွေ့ရဘဲ ယခင်နှစ်က တစ်တင်း ၄၇၀၀၀ ကျပ်သာ စက်တင်ဘာလအတွင်း ရရှိခဲ့သည့်အတွက် ယခင်နှစ်က ဈေးနှုန်းထက် ဈေးပိုရလာခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)