Main menu

ပြည်ပဲနီပြားဈေးအမြင့်ဖြင့် လက်လီသမားများအရောင်းအဝယ်ဖြစ်

Powered by Drupal

     ပြည်ပဲဈေးကွက်မှာ လက်လီ၊ လက်ကားရောင်းဝယ်နေကြသော ပဲများထဲမှာ ပဲနီပြားသီးနှံသည် ယခုလအတွင်း လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်နေခဲ့ကြပါသည်။ ထို့ကြောင့် တစ်ရက် အိတ် ၂၀/၃၀ ကျော် ရောင်းချရပြီး ပဲဈေးမှာ ပိဿာ (၂၀)တစ်တင်း ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ်တွင် ပဲသီးနှံများ အားလုံးလိုလို ဈေးကောင်းရသည့်နှစ်ဖြစ်သည့်အတွက် ပဲနီပြားသီးနှံကလည်း ပြည်ပဝယ်လိုအားကောင်းသော ပဲများနည်းတူ ဈေးပြိုင်မြင့်တက်လျက်ရှိပါသည်။ ယခင်နှစ်က စက်တင်ဘာလအတွင်း ပဲနီပြားသီးနှံ ဈေးနှုန်းမှာ ပိဿာ(၂၀)တစ်တင်း ၅၂၀၀၀ကျပ်သာ ရရှိခဲ့သည့်အတွက် ယခုနှစ်ကတော့ ယခင်နှစ်ဈေးထက် ဈေးပြန်မြင့်တက်လာခဲ့ကာ လှောင်ပဲလက်ကျန်ရှိသူများ ဈေးကောင်းရလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)