Main menu

လွိုင်ကော်မြို့၊ သိရီမင်္ဂလာဈေးအတွင်းဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးရုံးမှ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန်အတွက် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် လွိုင်ကော်မြို့၊ သီရီမင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများ ရှိ/မရှိကို သက်ဆိုင်ရာမိတ်ဖက်ဌာနဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချသောဆိုင် ( ၄ ) ဆိုင်မှ ထိုင်းစာသားပါ ဆန်ပြားထုပ်(၆)ထုပ်၊ ဟင်းလျာများတွင် အရသာအတွက် အသုံးပြုသော ဟင်းချိုမုန့် အလေးချိန်(1 Lb)ထုပ် (၁၀)ထုပ်နှင့် ပဲငပိ(၅)ဘူး၊ ငရုတ်ချဉ်စပ် (၅)ဘူးတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ရောင်းချသူများအနေဖြင့် နောင်တွင် အဆိုပါ စားသောက်ကုန်များအား ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့် ကိုက်ညီသော ကုန်ပစ္စည်းများသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုမရှိသော ပစ္စည်းများရောင်းချခြင်းမပြုရန် သတိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ကယားပြည်နယ်