ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေးတွင် ပခုက္ကူမြို့နယ်အတွင်းရှိရွာများနှင့် ကမ္မ၊ မြစ်ခြေရှိ နယ်များမှ ဟင်းသီးဟင်းရွက်ဈေးသည်များ၊ ပခုက္ကူကျွန်း၊ ရေတောင်ဘက်ရှိ မြင်းကျွန်း၊ လေးလံကျွန်း၊ ဘောလုံးကုန်ကျွန်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပါးတို့မှ လာရောက်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များနှင့် အမှတ်(၂) ဈေးသည်များ၊ ကိုဗစ်(၁၉)ဈေးရှိ ဈေးသည် များထံမှ သိရှိရပါသည်။
ပခုက္ကူမြိုမဈေး၊ အမှတ်(၂) ဈေးနှင့် ကိုဗစ်(၁၉) ဈေးတို့တွင် ရောင်းဝယ်နေသော ကုန်စိမ်းသီး နှံများမှာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငြုပ်သီးစိမ်း၊ ပန်းဂေါ်ဖီ၊ ခဝဲသီး၊ ဂေါ်ဖီထုပ်၊ ဂေါရခါးသီးနှင့် အခြားသီးနှံ များအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ဖြစ်ပေါ်လျက်ရှိသောဈေးနှုန်းများမှာ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၅၀၀) ၊ ခရမ်းချဉ်သီးမှာ ရှမ်းပြည်နယ်မှ လာသော အင်းလေးသီးမှာ တစ်ပိဿာလျှင် ကျပ်(၁၆၀၀-၁၈၀၀)၊ ကျောက်ပန်းတောင်း ထိုင်ဝမ်သီးမှာ အမျိုးအစားကိုလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၆၀၀-၁၈၀၀-၂၀၀၀)၊ ငြုပ်သီးစိမ်းမှာ မိတ္ထီလာသီး တစ်ပိဿာလျှင် ကျပ် (၂၀၀၀)၊ ငြုပ်သီးစိမ်းရွှေအပ်သီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ခဝဲသီး တစ်ပိဿာလျှင် ကျပ်(၇၀၀)၊ ပန်းဂေါ်ဖီမှာ အပွင့်အရွယ်အစားကိုလိုက်၍ တစ်ပွင့်လျှင် ကျပ် (၃၀၀-၄၀၀-၅၀၀-၇၀၀-၈၀၀)၊ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၁၃၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ် (၁၀၀-၂၀၀)၊ ပဲတောင့်ရှည် တစ်ပိဿာလျှင် ကျပ်(၂၄၀၀-၂၆၀၀)၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၃၀၀၀-၃၂၀၀)၊ ကျောက်ဖရုံသီးတစ်လုံးလျှင် ကျပ်(၇၀၀-၈၀၀-၁၀၀၀)၊ ချဉ်ပေါင်ရွက်တစ်စည်း လျှင် ကျပ်(၇၀-၁၀၀)၊ ရေကန်စွန်းရွက်တစ်စည်းလျှင် ကျပ်(၇၀-၁၀၀)၊ ဆူးပုပ်ရွက်တစ်စည်းလျှင် ကျပ်(၂၅၀-၃၀၀)၊ ကင်းမွန်းချဉ်ရွက်(၁၀)စည်းပါတစ်စည်းလျှင် ကျပ်(၅၀၀)နှင့် သားငါးဈေးမှာ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၉၅၀၀)နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် ကျပ်(၂၅၀၀၀)ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)