ပခုက္ကူကြက်သွန်နီ ကုန်ဝယ်ဒိုင်တွင် နယ်မှဝင်ရောက်မှုမှာနည်းပါးနေပြီး မြိုပေါ်ရှိကြက်သွန်နီ လက်ကျန်များသာ အရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှ သိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ကြက်သွန်နီဈေးမှာလည်း ယခင်အပတ်ထက် တစ်ပိဿာလျှင် ကျပ်(၂၀၀-၂၅၀)ဈေးနှုန်းကျဆင်းခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည့်ဈေးမှာ အရည်အသွေးပေါ်မူတည်၍ ထိပ်စတစ်ပိဿာ လျှင် ကျပ်(၂၆၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ် (၂၄၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၁၉၀၀)ဖြစ်ပြီး ကြက်သွန်နီကာလာပျက် တစ်ပိဿာလျှင် ကျပ်(၂၄၅၀- မှ ၂၃၀၀)၊ အခွံကျွတ်အမဲစ တစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ အကျ တစ်ပိဿာလျှင် ကျပ်(၇၀၀ မှ ၁၀၀၀)ဖြစ်ပြီး နေ့စဉ်ကုန်ချိန်အဝင်မှာလည်း ယခင်ရက်များက (၅၀၀၀၀ မှ ၁၀၀၀၀၀)ထိ အရောင်းအဝယ်ဖြစ်နေကြောင်း ယခုရက်များတွင် ကုန်အဝင်မှာ (၁၀၀၀၀ မှ ၃၀၀၀၀)ကျော်ထိသာ အရောင်းအဝယ်ဖြစ်နေကြောင်း တင်ပို့မှုအနေဖြင့် ပြည်တွင်း၌ သာတင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)