Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ကသာခရိုင်တွင် ဈေးအနည်းငယ်တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအေးနေပါ ကြောင်း သိရှိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(နောက်ဆုံး)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၉၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် ၁၃၀,၀၀၀ ကျပ်၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၉၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၃,၂၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၁၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၃,၁၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၁၀၀,၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၂၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၂,၀၀၀,၀၀၀၊ မှော်ဘီ (၂)ဆန်၂၄ပြည် တစ်အိတ် လျှင် ကျပ် ၈၅,၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၂,၂၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၉၀,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း သိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၅,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၂၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၅,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁,၉၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရ ပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၂၄,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၈၀၀,၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၈,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရပါသည်။

    စက်တင်ဘာလ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅,၀၀၀၊ မန္တလေး သို့ အိတ်ရေ ၁၈,၆၀၀၊ မကွေးသို့ အိတ်ရေ ၁,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၅,၀၀၀၊ ကချင်သို့ အိတ်ရေ (၅၀၀)၊ စုစုပေါင်း အိတ်ရေ (၅၁,၆၀၀) အိတ်၊ တန်အားဖြင့် (၂,၅၈၀) စီးထွက်ခဲ့ပြီး၊ ယခု စက်တင်ဘာလ (နောက်ဆုံး)ပတ်တွင် စစ်ကိုင်းတိုင်းဒေသ ကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၀,၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၄,၆၀၀၊ မကွေး သို့ အိတ်ရေ ၂,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၅,၀၀၀၊ ကချင်သို့ အိတ်ရေ (၅၀၀)၊ စုစုပေါင်း အိတ်ရေ (၆၃,၆၀၀) အိတ်၊ တန်အားဖြင့် (၃,၁၈၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၂,၀၀၀) တန်အားဖြင့် (၆၀၀) ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)