Main menu

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းပြီး မတ်ပဲစိုက်ပျိုးရန်ပြင်ဆင်

Powered by Drupal

         ပဲခူးတိုင်း‌ဒေသကြီးအတွင်း ပဲခူးခရိုင်အနေဖြင့် မတ်ပဲစိုက်ဧကမှာ ၁၂၆၇၉၁ ဧက ရှိပြီး ပဲခူးခရိုင် (၈)မြို့နယ်တွင် ကျောက်တံခါးမြို့နယ်သည် မတ်ပဲစိုက်ဧကအများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ရာ မတ်ပဲစိုက်ဧက (၆)သောင်းကျော် စိုက်ပျိုးလျက်ရှိသည်။ ယခုစိုက်ပျိုးကာလတွင် မတ်ပဲမျိုး တစ်တင်း လျှင် ၅၅,၀၀၀ကျပ် ရှိပြီးပဲစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် စိုက်ပျိုးစရိတ် ၂၉၀,၀၀၀ ကျပ်ခန့် ကုန်ကျလျက်ရှိပြီး တစ်ဧကလျှင်ပျမ်းမျှအားဖြင့် တင်း ၁၀ - ၁၈ တင်းထွက်ရှိကြောင်း သိရှိရပါသည်။ မတ်ပဲကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖေါ်ဝါရီလကုန် မတ်လထဲတွင် စတင်ရိတ်သိမ်း ထွက်ပေါ်ကြောင်း သိရှိရပါသည်။

       ၂၀၂၀-၂၀၂၁ ခုနှစ် မတ်ပဲစိုက်ပျိုးရာသီကာလတွင် မတ်ပဲ တစ်တင်းလျှင် ၃၀,၀၀၀ ကျပ်ခန့် စျေးရရှိပါက တစ်ဧကလျှင် ၁၀၀,၀၀၀ ကျပ်  အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။  တောင်သူများအနေဖြင့် မိုးစပါးရိတ်သိမ်းပြီးပါက အကျိုးအမြတ် ရရှိရန်သေချာသော  မတ်ပဲကို အဓိကထား ဦးစားပေးစိုက်ပျိုးလျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)