စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့်အဖွဲ့သည် (၂၆-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ခြင်္သေ့ဦးကျေးရွာ၌ မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်ဖြစ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ကြ ပါသည်။
ခြင်္သေ့ဦးကျေးရွာသည် စလင်းမြို့၏ အရှေ့ဘက်နှင့်ကပ်လျက်ရှိပြီး အိမ်ခြေ(၄၀၀)ခန့်နှင့် လူဦးရေ(၂၃၀၀)ဦးခန့်ရှိကြောင်း၊ နှစ်စဉ် စပါး၊ ကုလားပဲ၊ နှမ်း၊ နေကြာသီးနှံများစိုက်ပျိုးကြပြီး တောင်သူများအနေဖြင့် ဈေးကွက်ဝင်ပြီး အထွက်နှုန်းကောင်း၍ ဈေးနှုန်းရရှိသော ဧရာပဒေသာ မိုးစပါးကိုသာအဓိကစိုက်ပျိုးကြကြောင်း၊ မိုးစပါးကိုစိုက်ပျိုးရာတွင် နှစ်စဉ် ဇူလိုင်လတွင် ပျိုးထောင်၍ ဩဂုတ်လတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် အပြီးရိတ်သိမ်းကြပါကြောင်း၊ မိုးစပါးစိုက်ပျိုးရာတွင် မြေပြုပြင်ချိန်မှစ၍စို က်ပျိုးပြီးသည်အထိ ကျပ်(၃၀၀၀၀၀)ခန့်၊ မျိုး(၂)တင်း၊ ကွန်ပေါင်းမြေဩဇာ၊ ယူရီးယားမြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့်သွင်းအားစုထည့်သွင်းခြင်းအနေဖြင့် ကျပ်(၄၀၀၀၀၀)ခန့်၊ ရိတ်သိမ်းစရိတ်နှင့် သယ်ယူစရိတ်မှာ ကျပ်(၁၅၀၀၀၀)ခန့်၊ တစ်ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် ကျပ်(၈၅၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ ယခင်နှစ်တွင် မိုးစပါးတစ်ဧကလျှင် (၇၅-၈၀)တင်းထွက်ရှိခဲ့ပါကြောင်း၊ မိုးစပါးတစ်တင်းလျှင် သီးနှံပေါ်ချိန်၌ ကျပ်(၁၄၀၀၀)ခန့်ရောင်းချရပါကြောင်း၊ ဝင်ငွေအနေဖြင့် ကျပ်(၁၀၅၀၀၀၀)ခန့်ရရှိ၍ အကျိုးအမြတ်မှာ ကျပ်(၂၀၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ ခြင်္သေ့ဦးကျေးရွာရှိ တောင်သူများသည် စလင်းတမံလင်းဇင်းရေလွဲဆည်၊ မဲဆလီရေလွဲဆည်တို့မှ ရေကိုအသုံးပြုရ၍ ရေစုပ်စက်ဖြင့်ရေတင်သည့်အကြိမ်ရေနည်းပါးသော်လည်း သွင်းအားစုဈေးနှုန်းများကြီးမြင့်မှုတို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များများလာကြောင်း၊ ထွက်ရှိပြီးသောစပါးများကို ဒေသခံပွဲစားများမှတစ်ဆင့် ရောင်းချကြပြီး စက်ပိုင်များကလည်း ကျေးရွာအရောက် လာရောက်ဝယ်ယူကြကြောင်း ခြင်္သေ့ဦးကျေးရွာနေ တောင်သူတစ်ဦးထံမှသိရှိရပါသည်။
DOCA(မကွေး)