မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ချောက်မြို့နယ်၊ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်(၇)ဦးမှာ စျေးကားဖြင့်လှည့်လည်၍ စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၅၀၀၀)နှုန်းဖြင့် ချောက်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ တိုးချဲ့ရပ်၊ ချောက်မြို့နယ်၊ ရွာမ၊ ညောင်ဇင်၊ ဆယ်ကန်၊ နရွဲတော၊ ထိန်စမ်း၊ ဂွေးပင်ကြီး၊ သလုံးသွေး၊ တွင်းလပ်၊ ပန်းဘဲ၊ လင်းတကိုင်းကျေးရွာအုပ်စု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ဓမ္မာရုံများတွင် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းဖြင့် (၂၆-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိပါသည်။
ထိုသို့ ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးတင်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးဝင်းသန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး အိမ်ထောင်စု (၄၉၅၀)စုအတွက် စားအုန်းဆီ(၄၅)ပေပါ/ (၄၉၅၀)ပိဿာရောင်းချပေးခဲ့ကြရာ ပြည်သူများ၏ နေ့စဉ် လူမှုဘဝအထောက်အပံ့ဖြစ်စေရေး ရောင်းချပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)