Main menu

ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် လစဥ်လုပ်ငန်းညှိနှိုင်းနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

Powered by Drupal

   (၂၉-၉-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးဦးဆောင်၍ ပြည်နယ်/ခရိုင်များမှဝန်ထမ်းများ လစဥ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

  အခမ်းအနားတွင် လစဥ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို အစီအစဉ်အတိုင်းကျင်းပခဲ့ရာ ရှေးဦးစွာ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဝန်ထမ်းများအားလုံးအနေဖြင့် မိမိတို့လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်မှတ်တမ်းများကို စနစ်တကျထားရှိရန်လိုအပ်ကြောင်းနှင့် အထက်ဌာနများ၏လမ်းညွှန်မှုများအပေါ် လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်း ရှင်းလင်းနွေးဆွေးပြောကြား၍ (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်နှင့် ဝန်ကြီးလမ်းညွှန်ချက်များအပေါ် အကျယ်တဝင့်ပြန်လည်ရှင်းပြခဲ့ပြီး အစီအစဥ်အရ ပြည်နယ်/ခရိုင်များမှ ဌာနခွဲအလိုက် တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်တင်ပြခဲ့ကြောင်းနှင့် ဝန်ထမ်းများ၏အခက်အခဲတင်ပြချက်များအပေါ် ပြည်နယ်ဦးစီးမှူးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

      အခမ်းအနားတွင် အစည်းအဝေးဆုံးဖြတ်ချက် ၁၅ချက်နှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ချက် ၄ချက်ဖော်ထုတ်နိုင်ခဲ့ပြီး  ပြည်နယ်/ခရိုင်များမှ ဝန်ထမ်း ၁၅ဦးတက်‌ရောက်ခဲ့ကြကြောင်းနှင့် အစည်းအဝေးကို နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။

DOCA(ကရင်)