ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ စီမံ/ငွေစာရင်းတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့်နှင့်ဝန်ထမ်းများသည် ရုံးချုပ်၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် Virtural Zoom Meeting စနစ်ဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ခေတ္တာညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က စီမံ၊ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များစနစ်တကျရှိစေရေး အဖွင့်အမှာစကားပြောကြာပြီး အစီအစဉ်အရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စီမံရေးရာဌာန၊ ငွေစာရင်းဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းအခြေအနေများကိုရှင်းလင်းတင်ပြ၍ ရှင်းလင်းတင်ပြချက်များအပေါ် စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် ငွေစာရင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းကြူတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲမှ ဖော်ထုတ်ရရှိချက်များအပေါ် ညွှန်ကြားရေမှူးချုပ်က လိုအပ်သည်များလမ်းညွှန်၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
အစည်းအဝေးတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တာဝန်ခံအရာထမ်းများအား စီမံရေးရာဌာနခွဲနှင့် ငွေစာရင်းဌာနခွဲလုပ်ငန်းများညွှန်ကြားဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို ညနေ (၁၇:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
DOCA(ကရင်)