Main menu

မုံရွာမြို့နယ် ကွမ်းဈေးနှုန်းတည်ငြိမ်လျက်ရှိ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

   မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် စက်တင်ဘာလတွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀မှ ၂၀၀၀ ဈေးနှုန်းရရှိပြီး ယခုအောက်တိုဘာလ(ပထမပတ်)တွင် အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀-၂၂၀၀ နှုန်းရောင်းချရကြောင်း၊ မိုးရာသီတွင် အထွက်နှုန်းများပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများကာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများ တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)