Main menu

ကသာခရိုင်အတွင်း သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲဝေချထားသည့် စားအုန်းဆီများအား ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ကကြီးကြပ်၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် စားအုန်းဆီများရောင်းချပေးခြင်းကို  စားအုန်းဆီကုန်သည်များနှင့်ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများသို့ ရောင်းချပေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၃)ရက်နေ့၊ နံနက်(၇:၃၀)နာရီအချိန်မှစ၍ ကသာမြို့၊ မြို့တော်ခန်းမတွင် သက်သာသောနှုန်းထားဖြင့် ပြည်သူများအား တစ်ပိဿာလျှင် (၅၆၃၉)ကျပ်နှုန်းဖြင့် လူတစ်ဦးကို (၅၀)ကျပ်သားဖြင့် (၅၅၀)ပိဿာ၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ကသာခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း နိုင်ငံ့ဝန်ထမ်းများနှင့် စာသင်တိုက်၊ သီလရှင်ကျောင်းများအား (၃၃၀)ပိဿာရောင်းချပေးနိုင်ခဲ့ပါသည်။

     ကသာခရိုင်အတွင်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ နောက်ဆုံးအပတ်မှစ၍ ခွဲတမ်းရရှိသောစားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ရောင်းချပေးခဲ့ရာ စုစုပေါင်း (၅၀၆၀)ပိဿာရောင်းချပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း စားအုန်းဆီခွဲတမ်းရရှိမှုအပေါ်မူတည်၍ ခရိုင်အတွင်းရှိ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ထပ်မံရောင်းချပေးသွားရန် အစီအစဉ်များရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)