စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂-၁၀-၂၀၂၃) ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး၌ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်၊ ဆားစက်ရုံများမှထုတ်လုပ်သည့်ဆားများသည် ဈေးကွက်အတွင်းသို့ရောက်ရှိသည့်အခါ အိုင်အိုဒင်းပြည့်ဝစွာပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးမည့်ကိစ္စနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်၊ ဆားစက်များမထုတ်လုပ်သော အိုင်အိုဒင်းဆားများမှာ အိုင်အိုဒင်းပါဝင်မှု 40-60 ppm ရှိရာ အဆိုပါဆားများသည် ဈေးကွက်အတွင်းသို့ရောက်သည့်အခါ ထုတ်ပိုးမှုအားနည်းခြင်း၊ ထားသိုမှုနည်းလမ်းမမှန်ခြင်း၊ ခရီးဝေးသို့သယ်ဆောင်ရာတွင် စနစ်မကျခြင်းတို့ကြောင့် စားသုံးသူများ (End user) လက်ဝယ်သို့ရောက်ရှိချိန်၌ အိုင်အိုဒင်းပါဝင်မှုနည်းသွားကြောင်း (သို့မဟုတ်) အိုင်အိုဒင်းပါဝင်မှုမရှိတော့သည်ကိုတွေ့ရှိရသောကြောင့် စားသုံးသူများ ကျန်းမာရေးနှင့်ညီညွတ်သည့်အိုင်အိုဒင်းဆားများစားသုံးနိုင်ရေးအတွက် ဈေးကွက်အတွင်းရှိ အိုင်အိုဒင်းဆားများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးမည့် ကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(မွန်)