Main menu

မုံရွာခရိုင်၏ စပါး/ဆန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ ပထမအပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများတည်ငြိမ်လျက်ရှိပါကြောင်းသိရပါသည်။

 မုံရွာမြို့၏ အောက်တိုဘာလ၊ ပထမအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်းဈေးနှုန်းများမှာ ဧရာမင်းစပါးတင်း၁၀၀လျှင် ကျပ်၃၂၀၀၀၀၀မှ ကျပ်၃၃၀၀၀၀၀ထိ၊ ဧရာမင်းဆန်  ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၄၀၀၀၀မှ ကျပ်၁၄၅၀၀၀ထိ၊ မနောသုခစပါးတင်း ၁၀၀လျှင် ကျပ်၂၆၀၀၀၀၀၊ မနောသုခဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀မှ ကျပ်၉၅၀၀၀ထိ၊  ပေါ်ဆန်းစပါးတင်း ၁၀၀လျှင် ကျပ်၃၄၀၀၀၀၀မှ ကျပ်၃၅၀၀၀၀၀ထိ၊  ပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၄၀၀၀၀မှ ကျပ်၁၅၀၀၀၀ထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   ယခင်စက်တင်ဘာလ ပထမအပတ်တွင်ဖြစ်ပေါ်ခဲ့သော စပါး/ဆန်ဈေးနှုန်းများနှင့် ယခုအောက်တိုဘာလ ပထမအပတ်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် စပါး/ဆန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဆန်စက်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)