
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီများမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် ကြက်သွန်နီပွဲရုံလက်ကားဈေး(ကြီး/လတ်/သေး)တစ်ပိဿာလျှင် ကျပ် (၂၅၀၀-၂၀၀၀-၁၅၀၀) နှုန်းတို့ရှိပြီး လက်လီဈေးမှာ ကြီး/လတ်/သေးတစ်ပိဿာလျှင် ကျပ် (၂၈၀၀-၂၂၀၀-၁၈၀၀) နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ကြက်သွန်နီကို မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံ၊ တောင်ပလူကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မုံရွာမြို့နယ်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှဧက (၁၂၀၀၀)ခန့်စိုက်ပျိုးလျက်ရှိကြောင်း၊ ထွက်ရှိသောကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်မြို့များနှင့် မြို့တွင်းပွဲရုံများသို့တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)