Main menu

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများအခြေအနေ

Powered by Drupal

     မုံရွာမြို့၊ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

  ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ စတုတ္ထအပတ်တွင်ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀-၈၀၀၀)၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀-၉၀၀၀)၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀-၇၀၀၀)၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀- ၈၅၀၀)၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀-၁၅၀၀)၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀- ၁၅၀၀)၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀-၁၅၀၀)၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀-၁၅၀၀)ကြား၊ တည်သီး (၁)လုံးလျှင် ကျပ်(၈၀၀-၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀- ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀-၂၀၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀-၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀-၁၅၀၀)၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀-၇၀၀၀)၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀-၁၅၀၀)၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀-၃၀၀)၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀-၂၅၀၀)၊ ငှက်ပျောသီးမွှေးတစ်ဖီးလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀-၁၂၀၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)