Main menu

မကွေးမြို့ပေါ်၌ ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဆန်များဝင်ရောက်လျက်ရှိပြီး စားဖိုဆောင်သုံးသီးနှံများကို မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။

     (၂၈-၉-၂၀၂၃)ရက်နေ့မှ (၄-၁၀-၂၀၂၃)ရက်နေ့အတွင်း မကွေးမြို့ပေါ်ရှိ စည်ပင်သာယာဈေးများတွင်ရောင်းချနေသော ဆန်ဈေးနှုန်းမှာ ပေါ်ဆန်းဆန် (ဖျာပုံ) (၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊  ပေါ်ဆန်းဆန် (ရွှေဘို)(၁)အိတ်လျှင် ကျပ်(၁၅၇၅၀၀)၊ ဧရာပဒေသာ(ကုန်းဇောင်း)(၁)အိတ်လျှင် ကျပ်(၁၃၉၀၀၀)၊ ဧည့်မထ(၁)အိတ်လျှင် ကျပ်(၉၈၀၀၀)၊ စားသုံးဆီဈေးနှုန်းမှာ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ နေကြာဆီ(ရိုးရိုး)(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ စားအုန်းဆီ(၁) ပိဿာလျှင် ကျပ်(၅၂၀၀)၊ အသားငါးဈေးနှုန်းများမှာ ကြက်သား(မွေးမြူရေး)(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးမြစ်ချင်း(အလတ်)(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ဝက်(အသား)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အမဲ(အသား)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်(အသား)(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၅၀)၊ ဘဲဥ(၁)လုံးလျှင် ကျပ် (၃၇၀)ဖြစ်ကြောင်းသိရသည်။

   စားဖိုဆောင်အခြေခံစားကုန်များမှာ ငရုတ်သီးခြောက်(အရှည်)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငရုတ်သီးခြောက်(အပု)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၃၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ နနွင်း(၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ ချင်း(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၈၀၀)၊ မန်ကျည်းသီးမှည့်(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ မြေပဲဆံ(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကုလားပဲခြမ်း(၁) ပိဿာလျှင် ကျပ်(၈၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၆၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၃၆၀၀)ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၎င်းဈေးနှုန်းများကို အလတ်စနှုန်းထားများဖြင့်ကောက်ယူထားကာ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် စားအုန်းဆီ၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မန်ကျည်းသီးမှည့်၊ မြေပဲဆံ၊ ကုလားပဲခြမ်းတို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်းကာ ကျန်အခြေခံစားသောက်ကုန်များမှာ သိသိသာသာပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရပါသည်။

DOCA(မကွေး)