မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့မှ အောက်တိုဘာ(၄)ရက်နေ့အတွင်း မင်းဘူးမြို့၊ မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ ပွင့်ဖြူမြို့၊ သရက်မြို့နှင့်အခြားမြို့များမှ သစ်သီးဝလံများကိုမှာယူရောင်းချကြကြောင်းသိရပါသည်။
ယခုရက်သတ္တပတ်အတွင်း ရောင်းချနေသောဈေးနှုန်းများမှာ ဖရဲသီး(၁)လုံးလျှင် ကျပ် (၂၅၀၀-၃၀၀၀)၊ စပျစ်သီး(အလုံးကြီး)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ စပျစ်သီး(အစေ့လွတ်) (၁) ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ပန်းသစ်တော်သီး(၁)လုံးလျှင် ကျပ်(၃၅၀၀)၊ ပန်းသီး(၁)လုံးလျှင် ကျပ် (၅၀၀-၁၅၀၀)၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၁၅၀၀)၊ သခွားမွှေးသီး(၁)လုံးလျှင် ကျပ်(၃၀၀၀)၊ သလဲသီး(၁)လုံးလျှင် ကျပ်(၂၅၀၀)၊ နဂါးမောက်သီး(၁)လုံးလျှင် ကျပ်(၁၅၀၀)၊ လိမ္မော်သီး(အသေး) (၁)ပိဿာလျှင် ကျပ်(၆၀၀၀)နှင့် ငှက်ပျောသီး (ဖီးကြမ်း)(၁)ဖီးလျှင် ကျပ်(၂၅၀၀) တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းဝယ်နေကြသော ဈေးသည်များထံမှသိရှိရပါသည်။
DOCA(မကွေး)